Google Video Chat

ပုံမှန်အားဖြင်တော့ Android Phone တွေမှာ gmail account တစ်ခုရှိရင် Mail နဲ့ Chat ကို သုံးလို့ရမှာဖြစ်ပြီး၊ အဲ Front Camera ပါရင်တော့ Gtalk ကနေ video chatting  ပါ သုံးလို့ရမှပါ။ ကိုယ့်မှာ front camera မပါရင်တော့ တဖက်ကိုယ့်သူငယ်ချင်းက ကိုယ့် account ကိုကြည့်လိုက်ရင် သာမန် chat လုပ်လို့ရမဲ့ပုံမျိုး အစိမ်းရောင် အစက်ကလေးပဲ တွေ့ရပြီး voice (or) message ပဲ သုံးခွင့်ရှိမှာ ဖြစ်ပါတယ်။

အခုဒီ App ကိုသုံးရင်တော့ Front Camera မပါသည့်တိုင် Back Camera နဲ့ ကိုယ့်ရဲ့ Google မိတ်ဆွေတွေကို Video Call အသုံးပြုခွင့်ရမှာပါ။

Front Camera မပါလို့ video chat လုပ်လို့မရပါဆိုပြီး မျက်နှာငယ်နေရတဲ့ သူငယ်ချင်း မိတ်ဆွေတွေ အတွက်ပါ။




၁။ ဒီိမှာ Google Video Chat App ကို Download ရယူပါ။
၂။ ကိုယ့်ဖုန်းမှာ Install ပြုလုပ်ပါ။
၃။ ကိုယ့်ဖုန်းရဲ့ App List ထဲမှာ အဖြူရောင် Video Camera ပုံလေးထဲမှာ talk လို့ ရောင်စုံစာသားနဲ့ ရေးထားသော App Icon လေးကို ဖွင့်လိုက်ပြီးတာနဲ့ မိမိရဲ့ gmail username , gmail password တွေကို ဖြည့်သွင်းပြီးတာနဲ့ Login စတင်ဝင်ရောက်မှာ ဖြစ်ပြီး
ခဏအကြာမှာ Video Chat နဲ့ အသုံးပြုဆက်သွယ်နိုင်မယ့် ကိုယ့်သူငယ်ချင်းတွေ စာရင်းကို တွေ့မြင်ဆက်သွယ်နိုင်ပါပြီ။

မျက်နှာချင်းဆိုင် ပျော်ရွှင်ရယ်မောစွာဖြင့် နှစ်သစ်အခါသမယကို ဖြတ်သန်းနိုင်ကြပါစေဗျာ။

စကားမစပ် ပြောရဦးမယ် ခုတစ်လော ဇာတာသိပ်မကောင်းဘူး၊ သူများတွေကြပ်တာကြီးပဲ ခံနေရတယ်ဗျာ။
ဒါပေမယ့် မသိချင်ယောင်ဆောင်နေပါတယ်။
အဲဒီတော့ ထပ်ဆုတောင်းပေးပါ့မယ်။ နှစ်သစ်မှာ အကြပ်မခံရပါစေနဲ့ပေါ့ဗျာ။