File Size အကြီးကြီးတွေကို ပို့ကြမယ်။

   File Size အကန့်အသတ်မရှိပဲ Photo/Video/Music/Software များကို လျှင်မြန်စွာ အခမဲ့ပေးပို့နိုင်သော SendSpace  

တစ်ဦးနဲ့ တစ်ဦး အင်တာနက် ပေါ်ကနေ file / photo / video တွေပို့ကြမယ်ဆိုရင် ကျွန်တော်တို့ အမြဲတစေ အသုံးပြုခဲ့ကြတာကတော့ ကမ္ဘာကျော် gmail ပါပဲ။ အဲ gmail အသုံးပြုပြီး ပို့တာလည်း အဆင်ပြေပါတယ်။

Gmail (သို့) Connection ၏အားနည်းချက်များ
(၁) gmail မှာ File တွေကို Attach လုပ်ရင် ကျွန်တော်တို့ သုံးစွဲနေရတဲ့ connection နဲ့ ဘယ်လိုမှအဆင်မပြေလောက်အောင် နှေးကွေးပါတယ်။

(၂) နောက်တစ်ခုကတော့ အဆိုးဆုံးပါပဲ။ Gmail မှာ file attach လုပ်ပြီး တစ်ကြိမ်ပို့လျှင် စုစုပေါင်း 25-Mb ထက်ပိုပြီးပို့လို့ မရပါဘူး။

အခုတင်ပြပေးသွားမယ့် SendSpace ဆော့(ဖ်)၀ဲကတော့

Free Account ပြုလုပ်လိုလျှင် Register
Account ပြုလုပ်ပြီးသူများ ၀င်ရောက်အသုံးပြုလိုလျှင် Login
လျှင်မြန်စွာ ပေးပို့ချင်တယ်ဆိုရင်တော့ Quick Upload
တဖက်က ပေးပို့လာသည်များကို ရယူလိုပါက Download
ကိုယ်က သူတစ်ပါးကို ပေးပို့ထားသော file များကို စစ်ဆေးကြည့်ရှုလိုပါက My Files
LogOut ပြုလုပ်ချင်ရင် ဒါမှမဟုတ် အခြား setting တွေချိန်ညှိချင်တယ် ဆိုရင်တော့ Preferences ကို အသုံးပြုရမှာပါ။

Upload ပြုလုပ်တဲ့အခါမှာ login ၀င်ရောက်ပြီး အသုံးပြုလို့ရသလို၊ Login မ၀င်ပဲ (သို့) Register မပြုလုပ်ပဲလည်း
အသုံးပြုလို့ရပါတယ်။
Login ၀င်ရောက်အသုံးပြုသူတွေက File Upload ပြုလုပ်ရာမှာ မည်သည့် အီးမေး(လ်)လိပ်စာကို ပေးပို့မယ်
ဆိုတာပဲ ဖြည့်စွက်ရမှာ ဖြစ်ပြီး။ Login မ၀င်သူတွေကတော့ ပေးပို့လိုတဲ့ အီးမေး(လ်)လိပ်စာ အပြင် မိမိ၏
အီးမေး(လ်)လိပ်စာကိုလည်း ဖြည့်သွင်းပေးရမှာပါ။

အရမ်းစိတ်ကြိုက်တွေ့သွားနိုင်တာတွေကတော့ Quick Upload ကိုနှိပ်လိုက်တဲ့အခါမှာ -



File = တစ်ခုတည်းသော file ကို upload ပြုလုပ်ချင်တယ်ဆိုရင်
Multi File Upload = file တွေအများကြီးကို တစ်ခါတည်း upload ပြုလုပ်ချင်တယ်ဆိုရင်
Multi File Zip & Upload = Zip File တွေအများကြီးကို တစ်ခါတည်း upload ပြုလုပ်ချင်တယ်ဆိုရင်
Capture Image = ဓါတ်ပုံခုပဲရိုက်ပြီး တစ်ခါတည်းပို့ချင်လျှင်
Capture Video = ဗွီဒီယို ခုပဲရိုက်ပြီး တစ်ခါတည်းပို့ချင်လျှင်
Capture Audio = အသံဖမ်းပြီး တစ်ခါတည်းပို့ချင်လျှင်
External File Chooser = ကိုယ့်ဖုန်းရဲ့ ဘယ်နေရာမှာ ရှိနေတဲ့ file ကိုပဲဖြစ်ဖြစ် ရှာဖွေပြီး upload ပြုလုပ်ရန်။

Successfully Uploaded ဖြစ်သွားပြီဆိုရင်တော့ ပေးပို့ခြင်းခံရသူက သူ့ရဲ့ အီးမေး(လ်)ကိုဖွင့်ပါ၊ inbox ထဲမှာ SendSpace ဆိုတဲ့ ခေါင်းစဉ်နဲ့  စာတစ်စောင်ရောက်ရှိနေပြီး၊ ၄င်းကို ဖွင့်လိုက်ပါက ပေးပို့လာသော File ကို Download ပြုလုပ်ရန် Link တစ်ခုပေးထားပါလိမ့်မည်။ ထို Link ကို နှိပ်လိုက်လျှင် ပေးပို့လာသော File ကို Download စတင် ပြုလုပ်မှာ ဖြစ်ပါတယ်။

အရမ်း မိုက်တယ်နော့်။ Download Here ဒီမှာ Download ရယူပါ။ 1.19-Mb

မှတ်ချက်။   ။ မိတ်ဆွေတွေထဲက RFA, Skynet, BBC, VOA သတင်းထောက်တွေလည်း ဒီ app လေးကိုပဲ
အားကိုးအားထား အသုံးပြုနေကြတာပါ။