To create an account for Skype

Viber ကလည်း activate လုပ်ဖို့ Recall က ပြန်မ၀င် Tango ကလည်း ခေါ်ရခက် ဆိုတော့ ကမ္ဘာကျော်ကြီးပဲ ပြန်သုံးကြတာပေါ့ဗျာ။ ကဲ ကဲ စလိုက်ကြရအောင်
 မင်္ဂလာ . . . ဘာ . . . ကိုအာကြီးပေါ့ဗျာ

မိမိဖုန်း/ ကွန်ပျူတာကနေ internet browser ကိုဖွင့်ပါ။
လိပ်စာထည့်သွင်းရမဲ့ နေရာမှာ www.skype.com ကိုရိုက်ထည့်ပြီး၊ enter/go ပြုလုပ်ပါ။
Skype ရဲ့ Home Page ကိုတွေ့မြင်ရပြီဆိုရင် စာမျက်နှာရဲ့ ညာဖက်ထိပ်က Join Skype ကို Click/Touch ပြုလုပ်ပါ။


နောက်ထပ်စာမျက်နှာမှာ အောက်ပါအတိုင်း ဖြည့်ပေးပါ။
အဲအခုဆိုရင် စာမျက်နှာရဲ့ ထိပ်ဆုံးမှာ Congratulation ဘာညာနဲ့ မြင်ရပြီဆိုရင်တော့ ကိုယ်ပိုင် Skype account တစ်ခု ရပါပြီ။ ဖုန်းမှာ သုံးမယ်ဆိုရင်တော့ skype app ကို ထည့်သွင်းထားဖို့ လိုပါလိမ့်မယ်။ အင်တာနက်ရှိတဲ့ ဖုန်းအချင်းချင်းကို ဆက်သွယ်မလား၊  skype account ရှိပြီး ကိုယ်ဆက်မယ့် အချိန်မှာ login ၀င်ရောက်သုံးစွဲနေတဲ့ ကမ္ဘာ့ဘယ်နေရာက ကွန်ပျူတာတွေကိုပဲ ဖြစ်ဖြစ်၊ အဲ နောက်တစ်နည်းက ပြည်ပနိုင်ငံက ဖုန်းတွေကို သူတို့ရဲ့ဖုန်းနံပါတ် တိုက်ရိုက်နှိပ်ပြီး ခေါ်မယ်ဆိုရင်တော့ skype credit ၀ယ်ထားဖို့လိုမယ်။ ဒါကလွဲရင် ကျန်တာအားလုံးက free ပါ။ ကိုယ်သုံးနေတဲ့ internet connection အတွက်ပေးရတဲ့ တစ်မိနစ် (၂) ကျပ်/(၄) ကျပ်ပဲကုန်မှာ။ ဟိုဖက်ဒီဖက် web camera / ဖုန်းမှာဆိုရင် front camera ရှိရင် ရုပ်ပါမြင်ရအုံးမှာ။ ဒါပေမယ့် ကျွန်တော်တော့ တစ်ခါမှ camera မသုံးဘူး ကြောက်လို့ မြင်ပြီးရင် ညဖက်အိပ်ပျော်မှာမဟုတ်ဘူး။

Android ဖုန်းတွေအတွက် Skype Application ဒီမှာ Download ပြုလုပ်ပါ။

Window xp/ window 7 ကွန်ပျူတာတွေမှာ သုံးဖို့ Skype Application ဒီမှာ Download ပြုလုပ်ပါ။

Android ဖုန်းတွေမှာ အသုံးပြုရန်။

ပထမဦးဆုံး Download ပြုလုပ်ထားတဲ့ skype app ကို install ပြုလုပ်ပါ။
ရှိပြီးသာ ဒါမှမဟုတ် install လုပ်ပြီးပြီဆိုရင် app list ထဲကနေ skype ကိုဖွင့်ပါ။
အောက်ပါအတိုင်းတွေ့ရမှာပါ။ ပုံမှာ ပါဝင်သော အညွှန်းများအတိုင်း ဆက်လက်လုပ်ဆောင်ပေးပါ။

Sign in ၀င်ရောက်နေစဉ်။

Sign in ၀င်ရောက်ပြီး တွေ့ရမည့်ပုံစံ။ အညွှန်းများအတိုင်း ဆက်လက်လုပ်ဆောင်ပေးပါ။

မိမိ၏ မိတ်ဆွေနှင့် ရှာဖွေဆက်သွယ်ရန်။