To Create an Account for Gmail

ကျွန်တော်တို့နိုင်ငံမှာ Mobile ကနေ Internet သုံးစွဲခွင့်ရတဲ့အချိန်ကစပြီး၊ Internet သုံးစွဲသူဦးရေ အရင်ကထက် အဆပေါင်းများစွာ တိုးလာပါတယ်။ အဲ မောင်မင်းကြီးသား Internet ကိုသုံးမယ်ဆိုတာနဲ့ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ဖို့ပဲဖြစ်ဖြစ်၊ ဘယ် site ကိုသုံးသုံး ဟိုကတောင်း/ဒီမှဖြည့်သွင်းပါ ဆိုပြီး Email Account တစ်ခုက မရှိမဖြစ်လိုလာပါပြီ။ အဆင်အပြေဆုံးနဲ့ အလကားရနိုင်တဲ့ အမျိုးအစားက ဆရာကြီး Gmail ပါပဲ။
ကဲ . . .  အဲဒီတော့ Gmail Account တစ်ခုလုပ်ကြရအောင်ဗျာ။ - - - -
သိပြီးသားသူတွေ အတွက်ကတော့ လွယ်ကူပြီး၊ အခြားသူတွေအတွက် ခက်ခဲနေကြတာကို တွေ့နေရလို့ ဘယ်သူ့ကိုမှ အကူအညီတောင်းစရာမလိုပဲ စိတ်ကြိုက် Account လေး လုပ်နိုင်ကြဖို့ပါ။

၁။ ကိုယ့်ဖုန်းမှာ Mobile Data ကိုဖွင့်လိုက်ပါ။
၂။ Browser ကိုဖွင့်ပါ။
၃။ Browser ရဲ့ Address Bar ထဲမှာ http://mail.google.com ကိုရိုက်သွင်းပြီး Enter/Click Arrow ပြုလုပ်ပါ။
ပြီးရင် Sign Up ကို တစ်ချက်နှိပ်ပါ။
အောက်ပါ ပုံထဲကအတိုင်း အချက်အလက်များကို မှန်ကန်ပြည့်စုံစွာ ဖြည့်သွင်းပေးပါ။

 အောက်ကပုံအတိုင်း ဆက်လုပ်ပေးလိုက်ရင် သင်ကိုယ်တိုင် တည်ဆောက်ထားတဲ့ သင့်ရဲ့ ကိုယ်ပိုင် Gmail Account ကိုရရှိသွားပါပြီ။
တကယ်လို့ အထက်ပါပုံအတိုင်း မတွေ့ရပဲ အောက်ပါပုံအတိုင်းတွေ့ရရင် နောက်တစ်ဆင့် ထပ်လုပ်ပေးရမှာပါ။


အောက်ပါ ပုံအတိုင်းဆက်လက် ပြုလုပ်ပေးပါ။

အဆင်မပြေတာတွေ ရှိခဲ့ရင်လည်း အားမနာပါနဲ့ mrphyowaisett@gmail.com 09-425001066 ကိုဆက်သွယ် မေးမြန်းနိုင်ပါတယ်။