About Me

ကျွန်တော့်မှာ အရမ်း ချစ်စရာကောင်းပြီး၊ အရမ်းလိမ္မာတဲ့ သမီးလေးတစ်ယောက်နဲ့ သားလေးတစ်ယောက်ရှိပါတယ်။ သမီးလေးက မြင့်မြတ်ခင်၊ သားလေးနာမည်ကတော့ သော်ဇင်ဆက် ပါ။ အကြောင်း အမျိုးမျိုးကြောင့် သမီးလေးက ကျွန်တော်နဲ့ အတူမနေရပါဘူး။ သူတို့လေးတွေကို သတိရတိုင်း၊ ကျွန်တော် ကောင်းမှုတစ်ခုလုပ်ပါတယ်။ ဒါကလည်း ကျွန်တော် တတ်သလောက်ကို အများအတွက် အသုံးဝင်အောင် အကူအညီရအောင် လုပ်ပေးတဲ့ ဒီ blog လေးနဲ့ ကျွန်တော့်သင်တန်းလေးပါ။ ကျွန်တော့်မိဘတွေ ငါ့သားလေး ကျန်းမာပါစေ အဆင်ပြေပါစေလို့ နေ့စဉ်ဆုတောင်း စိတ်ပူ ကြောင့်ကြနေတာကို ကျွန်တော်ကိုယ်တိုင် ကိုယ်ချင်းစာစိတ်နဲ့ နားလည်နေခဲ့ပါပြီ။
သားနဲ့သမီး ဘ၀ရဲ့နေ့သစ်တွေတိုင်းမှာ စိတ်ကျေနပ်ပျော်ရွှင်ခြင်းတွေနဲ့ ပြည့်စုံနိုင်ကြပါစေလို့ သားလေး နဲ့ သမီးကြီး တို့အတွက် ဖေဖေနေ့တိုင်း ဆုတောင်းပေးနေပါတယ်။