မြန်မာ Font နှင့် မြန်မာ keyboard ထည့်သွင်းခြင်း



မြန်မာ Font နှင့် မြန်မာ keyboard ထည့်သွင်းခြင်း



မြန်မာ Font နှင့် မြန်မာ keyboard ထည့်သွင်းခြင်း
Root လုပ်နည်းပါထည့်ရေးပေးသွားပါမယ်။ ဒါပေမယ့် အခန့်မသင့်ရင် ဖုန်းပျက်နိုင်တဲ့အတွက် Root လုပ်နည်းကို သဘောတရားနားလည်သွားဖို့နဲ့ လွယ်လွယ်ကူကူလုပ်လို့ရတဲ့ model တွေကို Root လုပ်နည်းလောက်ပဲရှင်းပြမှာပါ။ Root ပြုလုပ်ရခြင်း အဓိကရည်ရွယ်ချက်က ဖုန်းကို အပြည့်အ၀စီမံခန့်ခွဲသူ (administrator) တစ်ယောက်အနေနဲ့ အသုံးပြုချင်လို့ပဲ ဖြစ်ပါတယ်။ အဲ Root မလုပ်ပြန်ရင်လည်း မြန်မာ font ကို ကိုယ့်ဖုန်းမှာ အပြည့်အ၀သုံးစွဲနိုင်မှာ မဟုတ်ပါဘူး။ အပြည့်အ၀ မသုံးနိုင်ဘူးဆိုတာက၊ MMBrowser လို App ကိုသုံးရင် Internet စာမျက်နှာတွေမှာ မြန်မာစာဖတ်နိုင်ပေမယ့် gtalk/gmail/search/message အစရှိတာတွေကို သုံးရင် မြန်စာရိုက်လို့ မရဘူးလို့ ပြောချင်တာပါ။

နောက်တစ်ချက်က ဖုန်းကို root လုပ်လိုက်တာနဲ့ သက်ဆိုင်ရာ ဖုန်းထုတ်လုပ်တဲ့ company တွေကပေးထားတဲ့ warranty ပျက်သွားမှာဖြစ်ပါတယ်။ သူတို့ပုံမှန် ပေးနေတဲ့ firmware/ software update တွေလည်းရယူခွင့် ရှိတော့မှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ဒါပေမယ့်ပေါ့ဗျာ ဘာပဲဖြစ်ဖြစ် မြန်မာလူမျိုးကတော့ ကိုယ့်ဖုန်းကို မြန်မာစာ ကောင်းကောင်းသုံးချင်ကြမှာပါ။ အဟဲ မြှောက်ပေးတာတော့ မဟုတ်ပါဘူး၊ ကိုယ့်စာ ကိုယ့်ဘာသာစကား ကို အသုံးပြုဖို့ အတွက် warranty မကလို့ ဘာပဲခြစ်ခြစ်ပေါ့ဂျာ ဟိုမရောက် ဒီမရောက် မြန်းဂလိ တော့မသုံးချင်ကြဘူးလို့ ထင်ပါတယ်။
Root လုပ်လို့ အခန့်မသင့်ရင် ဖုန်းပျက်နိုင်တယ်ဆိုတာကလည်း ပြင်လို့မရတာတော့ မဟုတ်ပါဘူး ပြန်ပြင်လို့တော့ရပါတယ်။ ဒါပေမယ့် တံပိုးထက် လက်ခကြီးဆိုတာမျိုးပေါ့။ အဲလိုပါ။

သာမန် user တစ်ယောက်အနေနဲ့ ကတော့ (Root) ကိုယ့်ဖာသာကို မလုပ်တာကောင်းပါတယ်။ ကျွမ်းကျင်သူတွေကိုပဲ အကူအညီတောင်းလိုက်ပါ။ (တရားခံရှာတာပေါ့ဗျာ . . . အဟွန်း)။
ကဲအခု Root ကြမယ်။ လွယ်ကူပြီး တစ်ချို့ model တွေအတွက် အဆင်ပြေမယ့် root နည်းပါ။ နာမည်ကတော့ Z4 Root ပါ။
အားနည်းချက်က Android O/S version 2.2 (Froyo) အသုံးပြုထားသော ဖုန်းများမှာပဲ Root လုပ်ပေးနိုင်ပါတယ်။ ဖုန်းတိုင်းနဲ့လည်း အဆင်ပြေမှာ မဟုတ်ပါဘူး။ အောက်ပါ model တွေနဲ့တော့ အဆင်ပြေပါတယ်။

ဒီနည်းက root လုပ်တာ အဆင်မပြေရင်လည်း ဖုန်းမပျက်နိုင်ပါဘူး။ 

Z4 Root နှင့် အဆင်ပြေသည့် Model များ

Samsung Galaxy S (All variants), Backflip, Sony x10, Xperia mini, Droid 2, Galaxy Tab, Galaxy I5700, Galaxy 3 I5800, Droid X, Samsung Acclaim, Cricket Huawei Ascend, Motorola Cliq, Huawei 8120, Hero, G1, Optimus T, Droid 1, Garmin Asus A50, Motorola Defy, LG Ally တို့ဖြစ်ပါတယ်။

Z4 Root ကို ဖုန်းထဲမှာ အရင် Install ပြုလုပ်ရပါမယ်။
Setting >> Application >> Unknown sources မှာ အမှန်ခြစ်ပြုလုပ်ပေးပါ။ ပြီးရင် Download ပြုလုပ်ထားသော z4 root ကို တစ်ချက်တို့ပြီး Install ပြုလုပ်ပါ။ လုပ်ပြီးပြီ ဆိုတာနဲ့ ဖွင့်လိုက်ပါ။ အဲဒီမှာ Temporany Root နဲ့ Permanent Root နှစ်မျိုးရှိပါတယ်။ Temporany Root = Power ပိတ်ရင် root ပြန်ပြုတ်ပြီး၊ Permanent Root = အမြဲတမ်း root ဖြစ်နေဖို့ပါ။ Permanent Root ကိုပဲ ရွေးပြီး ထောက်လိုက်ပါ။ ခဏနေရင် ဖုန်းက Reboot(Restart) ဖြစ်သွားပါလိမ့်မယ်။ ပြန်ပွင့်လာတဲ့အခါ သင့်ဖုန်းရဲ့ app တွေထဲမှာ superuser ဆိုတာလေးကို တွေ့ရင် သင့်ဖုန်းဟာ root လုပ်တာ အောင်မြင်သွားပါပြီ။


အခု zawgyi font ကို install ပြုလုပ်ပါမယ်။

Zawgyi font installer ကို ဒီမှာ download ပြုလုပ်ပါ။ ပြီးရင် Install ပြုလုပ်ပေးပါ။ Installation ပြီးတာနဲ့ သူ့ကိုဖွင့်လိုက်ရင် Superuser က လာမေးပါလိမ့်မယ့်၊ အဲဒီ့အခါ Grant(သို့)Allow ကိုရွေးပေးလိုက်ပါ။ zawgyi font ပြောင်းရန် ဆိုတဲ့နေရာကို တစ်ချက်နှိပ်ပေးပါ။ ဖုန်းက reboot ပြုလုပ်နေပြီး ပြန်ပွင့်လာရင် zawgyi font ထည့်သွင်းခြင်း ပြီးဆုံးပါပြီ။
အခုဆိုရင် ဘယ် Application ကိုပဲသုံးသုံး မြန်မာ font ကို အပြည့်အ၀ အသုံးပြုနိုင်ပါပြီ။ ဒါပေမယ့် မြန်မာစာ ရိုက်ဖို့အတွက် keyboard ထည့်သွင်းရပါဦးမယ်။


အခု မြန်မာ keyboard ကို install ပြုလုပ်ပါမယ်။

ဒီနေရာမှာ အားလုံးနဲ့ အဆင်ပြေလောက်မယ့် Frozen Keyboard ကိုပဲ ကျွန်တော် ရွေးထားပါတယ်။ Frozen Keyboard installer ကို ဒီမှာDownlaod ယူပါ။ ဆက်ပြီး install ပြုလုပ်ပေးပါ။ Installation ပြီးသွားရင်တော့ Setting >> Language and Keyboard မှာ Frozen Keyboard ကို အမှန်ခြစ်ပြုလုပ်ပေးပါ။

ကဲ အခုဆိုရင် ငါတို့မြန်မာ ငါတို့စာကို သုံးနိုင်ကြပါပြီ။