English Speaking Lessons Mp4

တစ်ရက်တစ်ခါလောက် နားထောင်ရုံနဲ့တင် တော်တော်ကြီးကို အဆင်ပြေပြေ ပြောဆိုနိုင်လာတာကို စမ်းသပ်တွေ့ရှိထားလို့ အားလုံးသုံးရအောင် တင်ပေးလိုက်တာပါ။ လုပ်ကြပါဦးဗျာ internet ကိုတော့ သုံးကြပါရဲ့ globalization က လောလောဆယ် ကျွန်တော့်တွေ့ရသလောက် localization ပဲဖြစ်နေတာ တွေ့ရတယ်။ ကိုယ့်အချင်းချင်း chat ၊ ရန်ကုန်နဲ့ မန္တလေးနဲ့ ချက် ဒါနဲ့ပဲ ပိုက်ဆံ/အချိန်တွေကုန်နေကြရတာ မတန်ပါဘူး၊ border ကိုကျော်လိုက်စမ်းပါ။ ကိုယ့်သက်တူရွယ်တူတွေ ကမ္ဘာမှာ ဘာလုပ်နေကြလဲ။ သူတို့နဲ့ ဆွေးနွေးပြောဆိုကြည့်ကြပါ ကောင်းတာတွေ ဆွေးနွေးကြရင် ကောင်းကျိုးသေချာပေါက် ရရမယ်ဗျာ။ ဆရာကြီးလုပ်တာ မဟုတ်ပါဘူး။ စေတနာပါ။ ကျွန်တော်ပြောတာ မယုံနဲ့ တစ်ခါလောက်ပဲ စမ်းကြည့်ပါ။ တစ်ချို့ စကားလုံးတွေက ကျွန်တော့်ထက် အသက်အရွယ်/ပညာဥာဏ်ကြီးမြင့်သူတွေကို ရိုင်းပျသလိုဖြစ်သွားရင် ခွင့်လွှတ်နားလည်ပေးပါ။

Lesson (I) (28)မိနစ်စာပါ။
 


Lesson (II) (30)မိနစ်စာပါ။


Download လေးလုပ်ပြီး ဖုန်းထဲမှာသိမ်းထား၊ အားတဲ့အခါ ဖွင့်နားထောင်၊ သေချာတယ် အကျိုးရှိဖို့။ ကျွန်တော့် သူငယ်ချင်းတွေထဲမှာ ရှိတယ် ။ တော်တော့်ကို ပျင်းတာဗျာ့ အဟဲ . . . အတင်းနဲနဲထုမယ်နော်။ သောက်ကျိုးနဲကို ပျင်းတာ သွားချင်တာက ကမ္ဘာတစ်ပတ်၊ မေ့နေတာက air ticket ဆိုသလိုမျိုးဖြစ်နေတာ။ ကျွန်တော့် သင်တန်းက တပည့်တွေဆိုလည်း အရည်ထွက်ကျလာမှာတောင် စိုးရိမ်ရတယ် ပျင်းတာ ပျင်းတာ။ Web Page တွေပေါ်က ဒါမှမဟုတ် ကွန်ပျူတာသုံးရင်း ထုံးစံအတိုင်း လာလာပြောတဲ့ notification လေးတွေကို ဖတ်ဖို့ပြောရင် ရယ်ဖြဲရယ်ဖြဲနဲ့ ပြီးတော့ လုပ်လိုက်ရင် တလွဲချည်းပဲ။ အင်းနောက်မှ ဒီအတင်းထပ်ကစ်တော့မယ် ။ ခုတော့ ပြောလို့ ၀သွားပြီ။

အဲ အဲ မေ့နေတာ ကံကောင်းလို့ နားအေးချင်လို့ 
ပန်ကြားချက်။    ။ ဒီ Lesson တွေရဲ့ မူလထုတ်လုပ်သူ ပိုင်ရှင်များခင်ဗျား ကျွန်တော်သည် မည်သည့်အခကြေးငွေမျှ ရယူခြင်းမရှိပဲ မြန်မာလူငယ်များ အသုံးပြုနိုင်ကြစေရန်သာ ရည်ရွယ်ပါသည်။ တစ်စုံတစ်ရာ ကျေနပ်မှုမရှိပါလျှင် ကျွန်တာ့်ကို အကြောင်းကြားပေးပါ ပယ်ဖျက်ပေးပါမည်။