Android Phone/Tablet အသုံးပြုနည်း(Using Android)

မြန်မာ site တော်တော်များများနဲ့ blog တွေမှာ
Android Operation System အသုံးပြုတဲ့
Phone / Tablet တွေအတွက် Rooting/ Unlocking
အစရှိတဲ့ အကြောင်းအရာတွေအပြင်၊
ကောင်းနိုးကောင်းရာ App လေးတွေပါ
ထည့်သွင်းဖေါ်ပြကြတာတွေကို
တွေ့မြင်ဖတ်ရှုရတဲ့အတွက် မြန်မာ user
တွေအတွက် တကယ့်ကိုဝမ်းသာကြည်နူးစရာပါ။

ဒီလိုအခြေအနေမျိုးမှာ ကျွန်တော်ကလည်း
တစ်တပ်တစ်အား အနေနဲ့ပေါ့ဗျာ၊

အရမ်းလည်းလွယ်ကူပါတယ် နောက်ပြီး
လိုနေတဲ့ကွက်လပ်လေးတစ်ခုပါ။

အသုံးပြုနည်းလေးတွေကို
အကြောင်းအရာ ခေါင်းစဉ်အလိုက်
တင်ပြပေးသွားပါ့မယ်။

Android OS နဲ့ Android App တွေကို
(အဓိကရည်ရွယ်တာကတော့) အခုမှစသုံးသူတွေ အတွက်ပေါ့။